NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ကွယ်လွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ကွယ်လွန်

ဖမ်းဆီးခံထားရသော NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းသည် ယနေ့ ဇူလိုင်လ ၂၀ ရက်၊ နံနက် ၉ နာရီကျော်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သိရသည်။ 

.



ဦးဉာဏ်ဝင်းသည် ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ် ရှိပြီဖြစ်ကာ ဆီးချိုရောဂါ အခံရှိပြီး COVID-19 ကူးစက်ခံရသဖြင့် အင်းစိန်ထောင်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသပြီးနောက် ၉ ရက်အကြာတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း သိရသည်။

.

ဦးဉာဏ်ဝင်းသည် ဖေဖော်ဝါရီလ ၁ ရက်၊ နံနက်တွင် စစ်ကောင်စီ၏ ဖမ်းဆီးမှုကို ခံရပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆို ခံထားရသူ ဖြစ်သည်။

Journal Download

Photo of three cats