တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံသုဿာန်ရှိ မီးသင်္ဂြိုဟ်စက် ဝန်ထမ်းများအတွက် အရည်အသွေးပြည့်မီသော Mask များ လိုအပ်နေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံသုဿာန်ရှိ မီးသင်္ဂြိုဟ်စက် ဝန်ထမ်းများအတွက် အရည်အသွေးပြည့်မီသော Mask များ လိုအပ်နေ

.

တောင်ကြီးမြို့၊ တိုင်းရင်းသားပေါင်းစုံသုဿာန်ရှိ မီးသင်္ဂြိုဟ်စက် ဝန်ထမ်းများအတွက် အရည်အသွေးပြည့်မီသော နှာခေါင်းစည်း (Mask) များ လိုအပ်နေသည်ဟု သိရသည်။

.

.

ဝန်ထမ်းများအား ဌာနမှ ချပေးထားသော Mask များမှာ သာမန် Mask များသာဖြစ်ပြီး လုံခြုံစိတ်ချရမုမရှိသည့်အတွက် လှူဒါန်းလိုသူများရှိပါက လှူဒါန်းပေးနိုင်ကြောင်း အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။

.

“တကယ်လိုအပ်နေတဲ့နေရာကို ပံ့ပိုးပေးစေချင်ပါတယ်။ ဝန်ထမ်းတွေ အင်အားနည်းနေပေမဲ့ ရေရှည်မှာ စေတနာ့ ဝန်ထမ်းများလည်း ဒီထက်ပါဝင်လာနိုင်ပါစေလို့ ပြောချင်ပါတယ်။ မီးသင်္ဂြိုဟ်စက် ဝန်ထမ်းတွေလည်း နေ့မအား၊ ညမနား လုပ်ဆောင်နေရပါတယ်။ ဖြစ်နိုင်ရင် အားလုံး အိမ်မှာနေပေးပါ။ လိုအပ်မှသာ အပြင်ထွက်ကြပါ။ အသက်ကြီး ပိုင်းတွေကိုလည်း ဂရုစိုက်ပေးစေချင်ပါတယ်” ဟု အဆိုပါဝန်ထမ်းက ပြောသည်။

.



တောင်ကြီးတိုင်းရင်းသားပေါင်းစုံ သုဿာန်ရှိ မီးသင်္ဂြိုဟ်စက်တွင် ဝန်ထမ်း ၅ ဦး ရှိပြီး ပျှမ်းမျှအားဖြင့် နေ့စဉ် Dead Body ၅ လောင်းခန့် မီးသင်္ဂြိုဟ်ပေးခဲ့ရကာ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်မှ စတင်၍ နေ့စဉ် Dead Body ၂၀ ကျော် ခန့်ကို မီးသင်္ဂြိုဟ်ပေးနေရကြောင်း သိရသည်။

.

Journal Download

Photo of three cats