.
ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်က COVID-19 ပိုးတွေ့လူနာ ၅ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ပိုးတွေ့လူနာပေါင်း ၁၀၂ ဦး ရှိပြီ ဖြစ်ပြီး ယင်းအနက် ၂၁ ဦး ဆေးရုံးဆင်းခွင့် ရရှိ၍ ၃ ဦး သေဆုံးခဲ့ကာ၊ ဆေးကုသဆဲ ပိုးတွေ့လူနာ ၇၈ ဦး ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနထံမှ သိရသည်။
.
အဆိုပါ ထပ်မံတွေ့ရှိခဲ့တဲ့ COVID-19 ပိုးတွေ့လူနာ ၅ ဦးမှာ မန်စံကျေးရွာမှ ၄ ဦးနှင့် သ.တ.လရပ်ကွက် (၄)မှ ၁ ဦးတို့ ဖြစ်သည်။
.
နမ္မတူမြို့နယ်တွင် COVID-19 ပိုးတွေ့လူနာများအား နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံရှိ (Isolation ward)နှင့် အခြေခံသတ္တုတွင်း လုပ်ငန်းခွင်သင်တန်းကျောင်းရှိ (Isolation ward) တို့တွင် ဆေးကုသ ပေးလျက် ရှိကြောင်း သိရသည်။
.
နမ္မတူမြို့ အခြေစိုက် မေတ္တာရှင်နာရေးလူမှုကူညီရေးအသင်း အနေဖြင့် COVID-19 ပိုးတွေ့လူနာများ၊ စောင့်ကြည့်လူနာများနှင့် စေတနာဝန်ထမ်းများအား နေ့စဉ် ထမင်း/ဟင်း နံနက်၊ နေ့လည်၊ ညနေစာ ၃ နပ် လှူဒါန်းခြင်း၊ သောက်ရေလှူဒါန်းပေးခြင်း၊ ပိုးတွေ့လူနာများအား သယ်ယူပို့ဆောင် ပေးခြင်း၊ သေဆုံး ပိုးတွေ့လူနာများအား ပို့ဆောင်သင်္ဂြိုလ်ပေးခြင်းနှင့် အောက်ဆီဂျင်မပြတ်လပ်စေရေးအတွက် အသင်းရုံးတွင် နေ့စဉ်အောက်ဆီဂျင် (၄၀)လီတာအိုး (၅၀)လုံး ရှိနေအောင် စီစဉ်ဆောင်ရွက်ထားပြီး လိုအပ်သည်နေရာများသို့ ဖြန့်ဝေကူညီ ပေးလျက်ရှိကြောင်း မေတ္တာရှင်နာရေးလူမှု ကူညီရေးအသင်းမှ ဦးကျော်မျိုးထွဋ်ထံက သိရသည်။
.
◾စောဦး (ရတနာမြေ)
.
#KBZTai #Shan #Namatu #COVID19