ရှမ်းပြည်နယ်အတွင်း COVID-19 လူနာအသစ် ၉၂၆ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်း COVID-19 လူနာအသစ် ၉၂၆ ဦး ထပ်မံတွေ့ရှိ

.

ရှမ်းပြည်နယ်အတွင်း ယနေ့ ဇူလိုင်လ ၂၄ ရက် စစ်ဆေးမှုများအရ COVID-19 ပိုးတွေ့လူနာအသစ် ၉၂၆ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂၀ ဦး ရှိကြောင်း သိရသည်။

.

.

အဆိုပါ ပိုးတွေ့လူနာအသစ်များမှာ PCR ဖြင့် စစ်ဆေးသူ ၃၇၅ ဦးနှင့် RDT Test Kit ဖြင့် စစ်ဆေးသူ ၅၅၄ ဦး တို့ဖြစ်ကြောင်း သိရသည်။

.

ပိုးတွေ့လူနာအသစ် အများဆုံး တွေ့ရှိရသည့် မြို့နယ်မှာ တောင်ကြီးဖြစ်ပြီး ပိုးတွေ့လူနာအသစ် ၁၄၃ ဦး တွေ့ရှိခဲ့ကာ လားရှိုးမြို့နယ်တွင် ၁၁၁ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် ပိုးတွေ့လူနာအသစ် ၅၆၅၇ ဦး တွေ့ရှိခဲ့ပြီး COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၂၉၇ ဦး ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats