မိုးနဲမြို့တွင် COVID-19 ပိုးရှိသူ ၃ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးနဲမြို့တွင် COVID-19 ပိုးရှိသူ ၃ ဦး ထပ်မံတွေ့ရှိ

လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် COVID-19 Positive လူနာနှင့် ထိတွေ့မှု ရှိသူများနှင့် မိုးကုတ်ဝိပဿနာရိပ်သာ ကျောင်းတွင် Quarantine ဝင်ရောက်နေသူများ၊ စုစုပေါင်း ၂၂ ဦးအား ယမန်နေ့ ဇူလိုင်လ ၁၉ ရက်က RDT ဖြင့် စစ်ဆေးခဲ့ရာ ၃ ဦးတွင် COVID-19 ပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

.



အဆိုပါ COVID-19 ပိုး တွေ့ရှိသူများမှာ နောင်ကျော့ရပ်ကွက်နေ အမျိုးသမီး ၁ ဦးနှင့် ကတ်နောက် (ဆည်မြောင်း) ကျေးရွာနေ အမျိုးသား ၂ ဦးတို့ ဖြစ်ပြီး ၎င်းတို့ကို မိုးနဲမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ပေးနေကြောင်း သိရသည်။
.
မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါ ပိုးတွေ့လူနာ ၁၀ ဦးထိ ရှိလာပြီး ပိုး ကင်းစင်သူ ၁ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့‌ကြောင်း သိရသည်။ 

Journal Download

Photo of three cats