.
နမ္မတူမြို့နယ်တွင် အသက် ၆၅ နှစ်နှင့် အထက်ရှိ ပြည်သူများအား COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ ဇူလိုင်လ ၃၀ ရက်၊ နေ့လည် ၁ နာရီခန့်က နမ္မတူမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရောင်ခြည်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
.
တရုတ်နိုင်ငံ ထုတ် Sinopharm အမျိုးအစားကာကွယ်ဆေးအား တစ်လုံးလျှင် လူ ၂ ဦးနှုန်းဖြင့် နမ္မတူမြို့ပေါ်နေ အသက် ၆၅ နှစ်နှင့် အထက် ပြည်သူများအား ဦးစားပေးအဖြစ် ထိုးနှံဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ကျန်ရှိသူများကို ဇူလိုင်လ ၃၁ ရက်၊ နံနက် ၈ နာရီတွင် ဆက်လက်ထိုးနှံပေးမည် ဖြစ်ကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။
.
ထို့အတူ နမ္မတူမြို့နယ် အတွင်းရှိ ကျေးရွာများတွင်လည်း COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဆက်လက် ဆောက်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
.
အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးပြီးပါက ကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်းသူများ၊ စားသောက်ဆိုင်/ လက်ဖက်ရည်ဆိုင်ဝန်ထမ်းများ၊ တည်းခိုခန်း ဖွင့်လှစ်ထားသူများ၊ ပုဂ္ဂလိကဘဏ် ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံဝန်ထမ်းများနှင့် ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းမှ ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဟု ကြေညာထားသည်။
.
◾စောဦး (ရတနာမြေ)
.
#KBZTai #Shan #Namatu #COVID19