နမ္မတူမြို့နယ်တွင် COVID-19 လူနာ ၃ ဦး ထပ်မံတွေ့ရှိပြီး တစ်ဦး ထပ်မံသေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့နယ်တွင် COVID-19 လူနာ ၃ ဦး ထပ်မံတွေ့ရှိပြီး တစ်ဦး ထပ်မံသေဆုံး

.

ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဇူလိုင်လ ၂၀ ရက်က COVID-19 ပိုးတွေ့လူနာ ၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာ တစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

.

.

အဆိုပါ ပိုးတွေ့လူနာ ၃ ဦးမှာ နမ္မတူမြို့၊ သတလ (၃) ရပ်ကွက်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ ပန်ဟိုက် ရပ်ကွက် (၁) မှ အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့သည် နေထိုင်မကောင်းသဖြင့် ဇူလိုင်လ ၂၀ ရက်က နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ RTD Test Kit ဖြင့် စစ်ဆေးရာတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

ယင်း ပိုးတွေ့လူနာ ၃ ဦးအား နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံရှိ (Isolation Ward) နှင့် အခြေခံသတ္တုတွင်းလုပ်ငန်းခွင် သင်တန်းကျောင်းရှိ (Isolation Ward)သို့ ပြောင်းရွှေ့ကာ သီးသန့်ထားရှိ ကုသပေးလျက်ရှိကြောင်း သိရသည်။

.

ထို့အပြင် ဆေးကုသမှုခံယူနေသော COVID-19 ပိုးတွေ့လူနာ အမျိုးသားတစ်ဦးသည် ဇူလိုင်လ ၂၀ ရက်၊ ညနေပိုင်းက ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

.

နမ္မတူမြို့နယ်တွင် ဇွန်လ ၁၆ ရက်မှ ယမန်နေ့ ဇူလိုင်လ ၂၀ ရက် အထိ COVID-19 ရောဂါ ပိုးတွေ့လူနာ ၈၄ ဦး ရှိခဲ့ပြီး ၎င်းတို့အနက် ၂၁ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ သေဆုံးသူ ၃ ဦးရှိ၍ လက်ရှိတွင် ၆၀ ဦး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

.

လူမော် (နမ္မတူ)

.

Journal Download

Photo of three cats