.
ရှမ်းပြည်နယ်တစ်ခုလုံးတွင်
ယမန်နေ့ ဇူလိုင်လ ၂၉ ရက် တစ်ရက်အတွင်း COVID-19 ရောဂါ ပိုးတွေ့လူနာ ၃၁ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
.
ဇူလိုင်လ ၂၉ ရက်က ရှမ်းပြည်နယ်တစ်ခုလုံးတွင်
COVID-19 ရောဂါ အတည်ပြုလူနာ
၇၁၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၄၇၀ ဦးမှာ ရောဂါသက်သာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း
သိရသည်။
.
သို့ဖြစ်၍ ရှမ်းပြည်တွင်
ဇူလိုင်လ ၂၉ ရက်အထိ COVID-19 ရောဂါ ပိုးတွေ့လူနာ ၁၅၆၈၆ ဦး တွေ့ရှိထားပြီး ယင်းတို့အနက် ၄၄၅ ဦး သေဆုံးခဲ့၍
၈၅၂၉ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ လက်ရှိ ကုသဆဲလူနာ ၆၇၁၂ ဦး ရှိကြောင်း သိရသည်။
.
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ
အနေဖြင့် ယမန်နေ့ ဇူလိုင်လ ၂၉ ရက်က COVID-19
ရောဂါ ပိုးတွေ့လူနာသစ် ၅၂၃၄ ဦး တွေ့ရှိခဲ့ပြီး ၃၄၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း
သိရသည်။
.