မိုးနဲမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုးနဲမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိ

.

လင်းခေးခရိုင်၊ မိုးနဲမြို့နယ်မီးသတ်စခန်းရှိ တပ်ဖွဲ့ဝင် ၁၄ ဦးထံမှ ယနေ့ ဇူလိုင်လ ၂၁ ရက်က COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

မိုးနဲမြို့နယ်၊ နမ့်မော်ဆွမ့်ကျေးရွာအုပ်စု၊ ကတ်နောက်ရွာနေ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးသည် အနံ့မရ သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏အတူနေမိသားစုဝင်များ၊ ထိတွေ့မှုရှိသူများ စုစုပေါင်း ၆၂ ဦးကို ယနေ့ ဇူလိုင်လ ၂၁ ရက်၊ နံနက်ပိုင်းက RDT Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ တပ်ဖွဲ့ဝင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၄ ဦး တို့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ COVID-19 ရောဂါပိုး တွေ့ရှိသူ မီးသတ်တပ်ဖွဲ့ဝင် ၁၄ ဦးအား မိုးနဲမြို့နယ်မီးသတ်ဦးစီးဌာနမှူးရုံးဝင်းအတွင်းရှိ သီးသန့်ဆောင်တွင် ထားရှိကာ တာဝန်ကျကျန်းမာရေးဝန်ထမ်းများမှ ကုသကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပိုးမ‌တွေ့ရှိသူ အတူနေ မိသားစုဝင် ၂၇ ဦးအား မီးသတ်ဝန်ထမ်း အိမ်ရာတွင် Facility Quarantine ထားရှိ၍ အသွားအလာကန့်သတ် ထားရှိ ထားကြောင်း သိရသည်။

.

မိုးနဲမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၂၁ ရက်အထိ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၆ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

.

မျိုးညွန့်ရွှေ (မိုးနဲ)


Journal Download

Photo of three cats