နမ္မတူမြို့နယ်တွင် COVID-19 ပိုး ရှိသူ ၁၃ ဦးထပ်မံ တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နမ္မတူမြို့နယ်တွင် COVID-19 ပိုး ရှိသူ ၁၃ ဦးထပ်မံ တွေ့ရှိ

ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်၊ နံနက်ပိုင်းထိ ၂၄ နာရီအတွင်း COVID-19 ပိုးတွေ့လူနာ ၁၃ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။
.


 
နမ္မတူမြို့နယ် အခြေခံသတ္တုတွင်း လုပ်ငန်းခွင်သင်တန်းကျောင်း စောင့်ကြည့်စခန်း၌ စောင့်ကြည့်ထားရှိသူ ၂၈ ဦး၏ ဓါတ်ခွဲနမူနာများ အနက် ၉ ဦးတွင် လည်းကောင်း၊ နမ္မတူမြို့နယ်၊ သ.တ.လ ရပ်ကွက် (၄)တွင် နေထိုင်သူ အမျိုးသား တစ်ဦးတွင် လည်းကောင်း၊ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံအုပ်နှင့် မိသားစုဝင် ၂ ဦးတွင် လည်းကောင်း COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ ပိုးတွေ့ လူနာ ၁၃ ဦးကို နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံရှိ (Isolation ward)နှင့် အခြေခံသတ္တုတွင်းလုပ်ငန်းခွင် သင်တန်းကျောင်းရှိ (Isolation ward)တွင် သီးသန့် ထားရှိ၍ ဆေးကုသမှု ပေးနေကြောင်း သိရသည်။
.
နမ္မတူမြို့နယ်တွင် ဇွန်လ ၁၆ ရက်မှ ယ‌နေ့ထိ COVID-19 ပိုးတွေ့ လူနာ ၉၇ ဦး ရှိပြီ ဖြစ်ကာ ယင်းအနက် ၂၁ ဦးမှာ ရောဂါပိုး ကင်းစင်၍ ဆေးရုံဆင်းခွင့် ရရှိ၍၃ ဦး သေဆုံးခဲ့ပြီး ၇၃ ဦးမှာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
.
◾စောဦး (ရတနာမြေ)
.
#KBZTai #Shan  #Namatu  #COVID19

Journal Download

Photo of three cats