တောင်ကြီးခရိုင်အတွင်း COVID-19 ကာကွယ်ဆေးမထိုးရသေးသည့် စေတနာဝန်ထမ်း၊ပရဟိတအဖွဲ့များကို ကာကွယ်ဆေးထိုးနှံပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးခရိုင်အတွင်း COVID-19 ကာကွယ်ဆေးမထိုးရသေးသည့် စေတနာဝန်ထမ်း၊ပရဟိတအဖွဲ့များကို ကာကွယ်ဆေးထိုးနှံပေးမည်

.

တောင်ကြီးခရိုင်အတွင်းရှိ COVID-19 ကာကွယ်ဆေး မထိုးနှံရသေးသည့် စေတနာဝန်ထမ်း၊ ပရဟိတအဖွဲ့များကို စာရင်းကောက်ယူနေပြီး ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါ ကာကွယ်ဆေး ထိုးနှံရသေးသူများကို ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးထိုးစင်တာများတွင် COVID-19 ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

"တောင်ကြီးခရိုင်အတွင်းက စေတနာဝန်ထမ်း၊ ပရဟိတအဖွဲ့တွေကို ထိုးပေးမှာပါ။ လောလောဆယ်တော့ စာရင်းကောက်ယူပြုစုနေတုန်းပဲရှိပါသေးတယ်။ စာရင်းကောက်ပြီးတာနဲ့ သူတို့ကို စင်တာတွေမှာ ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေးထိုးပေးမှာပါ"ဟု ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

ကာကွယ်ဆေးထိုးနှံလိုသည့် စေတနာဝန်ထမ်း၊ ပရဟိတအဖွဲ့များအနေဖြင့် ရှမ်းပြည်နယ်လူမူဝန်ထမ်းဦးစီးဌာန၊ အမှတ် (၄၀)၊ အုတ်ဖိုလမ်း မြို့မရပ်ကွက် တောင်ကြီးမြို့သို့ ဆက်သွယ်စာရင်းပေးပို့နိုင်ကြောင်း သိရသည်။

.

အလားတူ တောင်ကြီးခရိုင်အတွင်းရှိ ဘိုးဘွားရိပ်သာများမှ COVID-19 ကာကွယ်ဆေးမထိုးနှံရသေးသည့် ဘိုး/ဘွားများကိုလည်း ရှမ်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ စာရင်းကောက်ယူလျက်ရှိပြီး စေတနာဝန်ထမ်း၊ ပရဟိတအဖွဲ့များကို ထိုးနှံပေးပြီးပါက ဘိုးဘွားများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဦးထွန်းဦးက ဆက်လက်ပြောဆိုခဲ့သည်။

.

တောင်ကြီးခရိုင်အတွင်း လက်ရှိအချိန်၌ ကိုဗစ်ကူးစက်မှုမြင့်မားလျက်ရှိပြီး တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်များကိုမူ ဇူလိုင်လ ၂၆ရက်မှစတင်ပြီး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဇူလိုင်လ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

.

 


Journal Download

Photo of three cats