တောင်ကြီးမြို့နယ်အတွင်း COVID-19 ပိုးတွေ့လူနာ ၁၀၀၀ ကျော် ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်အတွင်း COVID-19 ပိုးတွေ့လူနာ ၁၀၀၀ ကျော် ရှိလာ

.

တောင်ကြီးမြို့နယ်အတွင်း ဇွန်လ ၁ ရက်မှ ယနေ့ ဇူလိုင်လ ၂၁ ရက် အတွင်း COVID-19 ရောဂါ ပိုးတွေ့အတည်ပြု လူနာ ၁၀၂၁ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။

.


.

အဆိုပါ ပိုးတွေ့လူနာများအနက် ၂၈ ဦး သေဆုံးခဲ့ပြီး လက်ရှိ ဆေးကုသမှု ခံယူနေသူ ၇၀၀ ကျော် ကျန်ရှိနေကြောင်း သိရသည်။

.

တောင်ကြီးတွင် ယနေ့ ဇူလိုင်လ ၂၁ ရက် RDT Test Kit စစ်ဆေးမှုအရ လူနာသစ် ၈၅ ဦးနှင့် PCR စစ်ဆေးမှုအရ ၁၂ ဦး၊ စုစုပေါင်း လူနာသစ် ၉၇ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ပိုးတွေ့လူနာများအနက် ၂ ဦး ထပ်မံသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

တောင်ကြီးမြိုနယ်အတွင်းမှ ပိုးတွေ့အတည်ပြုလူနာများကို စဝ်ထွန်းဆေးရုံ (ကုသရေး Center)၊ အမျိးသမီးနှင့် ကလေးဆေးရုံ (Positive Center)၊ ကွန်ပျုတာတက္ကသိုလ် (Positive Center)နှင့် တောင်ကြီးတက္ကသိုလ် (Positive Center) နှင့် တောင်ကြီးပညာရေးဒီဂရီကောလိပ် Positive Center တိုတွင် ဆေးကုသမှုပေးလျက်ရှိပြီး အေးသာယာ အားကာသိပ္ပံကိုလည်း Positive Center အဖြစ် ဆောင်ရွက်နိုင်ရန် ထပ်မံပြင်ဆင်ထားကြောင်း သိရသည်။

.

Journal Download

Photo of three cats