.
ရှမ်းပြည်နယ်တွင် COVID-19 တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ
ယမန်နေ့ ဇူလိုင်လ ၂၈ ရက်အထိ COVID-19 ရောဂါပိုး ကူးစက်ခံရသူ
၁၄၉၆၈ ဦး ရှိပြီဖြစ်ကြောင်း ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
.
အဆိုပါ COVID-19 ရောဂါ ပိုးတွေ့လူနာများအနက် ၈၀၅၉
ဦးမှာ ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီး ၄၁၄ ဦး သေဆုံးခဲ့ကာ လက်ရှိ ဆေးကုသမှု
ခံယူနေဆဲလူနာ ၆၄၉၅ ဦး ရှိကြောင်း သိရသည်။
.
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ
အနေဖြင့် ယမန်နေ့ ဇူလိုင်လ ၂၈ ရက်အထိ COVID-19
ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း ၂၈၄၀၉၉ ဦး တွေ့ရှိခဲ့ပြီး ၁၉၇၉၉၄ ဦးမှာ
ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ COVID-19 ရောဂါဖြင့် သေဆုံးသူ စုစုပေါင်း
၈၂၁၀ ဦး ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်းရှိ
COVID-19 ရောဂါကာကွယ်ဆေး
မထိုးနှံရသေးသူများကို ဇူလိုင်လ ၃၀ ရက်မှ စတင်၍ ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံပေးသွားရန်ရှိနေပြီး
လက်ရှိတွင် ရှမ်းပြည်နယ်တစ်ခုလုံးအတွက် COVID-19 ကာကွယ်ဆေး လူဦးရေ
၁၈၀၀၀၀ စာ ရရှိထားကြောင်း သိရသည်။
.