တောင်ကြီးမြို့နယ်တွင် COVID-19 ပိုး ရှိသူ ၁၂၀ ဦး ထပ်မံ တွေ့ရှိ၍ သေဆုံးသူ ၁၁ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်တွင် COVID-19 ပိုး ရှိသူ ၁၂၀ ဦး ထပ်မံ တွေ့ရှိ၍ သေဆုံးသူ ၁၁ ဦး ရှိ


တောင်ကြီးမြို့နယ်တွင် ယနေ့ ဇူလိုင်လ ၂၈ ရက်၊ ညနေပိုင်းထိ ၂၄ နာရီအတွင်း COVID-19 ပိုး ရှိသူ ၁၂၀ ဦး ထပ်မံ တွေ့ရှိ၍ သေဆုံးသူ ၁၁ ဦး ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ COVID-19 ပိုးတွေ့ရှိသူများမှာ တောင်ကြီးမြို့ပေါ်မှ ၈၁ ဦး၊ အေးသာယာမြို့ပေါ်မှ ၁၇ ဦး၊ ရွှေညောင်မြို့ပေါ်မှ ၁၈ ဦး၊ ကျောက်တလုံးကြီးမြို့ပေါ်မှ ၁ ဦးနှင့် ကျေးရွာအုပ်စုများမှ ၃ ဦးတို့ ဖြစ်သည်။
.
COVID-19 ဖြင့် သေဆုံးခဲ့ရသူ ၁၁ ဦးမှာ တောင်ကြီးမြို့ပေါ်မှ ၅ ဦး၊ ရွှေညောင်မြို့ပေါ်မှ ၅ ဦးနှင့် အေးသာယာမြို့ပေါ်မှ ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၂၈ ရက်ထိ COVID-19 ပိုးရှိသူ စုစုပေါင်း ၁၆၂၆ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၈၀ ဦး၊ ဆေးရုံ ဆင်းခွင့်ရသူ ၄၉၆ ဦး ရှိသဖြင့် ဆေးကုသမှုခံယူနေဆဲ ၁၀၅၀ ဦး ရှိကြောင်းနှင့် အဆိုပါ စာရင်းမှာ တရားဝင် ဖွင့်လှစ်ထားသည့် ဆေးရုံများ၊ စင်တာများမှ အတည်ပြုထားသော စာရင်းသာ ဖြစ်ကာ နေအိမ်များ၌ ဆေး ကုသမှု ခံယူသူ၊ သေဆုံးသူ စာရင်းများ မပါဝင်ကြောင်း သိရသည်။
.
#KBZTai  #Shan #Taunggyi #COVID19

Journal Download

Photo of three cats