.
လင်းခေးမြို့နယ် ပြည်သူ့ဆေးရုံနှင့်
Positive Center များတွင်
ဆေးကုသမှုခံယူလျက်ရှိသော COVID-19 ပိုးတွေ့လူနာ ၂၅ ားသည် ကျန်းမာရေး
ဆေးစစ်ချက်အရ ပြန်လည်ကောင်းမွန်လာပြီဖြစ်သဖြင့် ယနေ့ ဇူလိုင်လ ၃၁ ရက်တွင် ဆေးရုံမှ
ဆင်းခွင့် ရရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ဆေးရုံဆင်းခွင့်ရ
လူနာများသည် နေအိမ်၌ ၇ ရက်ကြာ Stay at
Home နေထိုင်သွားရမည်ဖြစ်ကြောင်း မြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ
မောင်မောင်သန်းထံက သိရသည်။
.
လင်းခေးမြို့နယ်တွင်
COVID-19 ရောဂါ ပိုးတွေ့လူနာ
၁၁၇ ဦး ရှိသည့်အနက် ယနေ့ ၂၅ ဦး ဆေးရုံမှ ဆင်းခွင့်ရသဖြင့် လက်ရှိ ဆေးကုသမှုခံယူဆဲလူနာ
၉၂ ဦး ကျန်ရှိကြောင်း သိရသည်။
.
အယ်လ်စိုင်း (လင်းခေး)
.