.
တောင်ကြီးမြို့နယ် အတွင်း၌ ယနေ့ ဇူလိုင်လ ၂၆ ရက်၊ ညနေ ၆ နာရီထိ RDT ဖြင့် စစ်ဆေးချက်အရ COVID-19 ပိုး ရှိသူ ၈၇ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း တောင်ကြီး GAD ထုတ်ပြန်ချက်အရ သိရသည်။
.
ထို့အတူ COVID-19 ကြောင့် သေဆုံးသူမှာလည်း ၄ ဦး ရှိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၂၆ ရက်ထိ COVID-19 ပိုးတွေ့သူ စုစုပေါင်း ၁၄၂၉ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၆၀ ဦး၊ ဆေးရုံဆင်းခွင့် ရသူ ၄၆၇ ဦး ရှိကာ ဆေး ကုသမှု ခံယူဆဲ ၉၀၂ ဦး ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့၊ ကျောက်တစ်လုံးကြီးမြို့နှင့် ကျေးရွာအုပ်စု ၂၄ ခု တို့ဖြင့် ဖွဲ့စည်းထားသည့် တောင်ကြီးမြို့နယ်ကို ယနေ့ ဇူလိုင်လ ၂၆ ရက်က စတင်၍ Stay at Home အဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။
.
#KBZTai #Shan #Taunggyi #COVID19
