တောင်ကြီးမြို့နယ် အတွင်းမှ အသက် ၆၅ နှစ်နှင့်အထက်ရှိ သက်ကြီးရွယ်အို ၂၆၀၀၀ ကျော်ကို ယနေ့ ဇူလိုင်လ ၃၁ ရက်မှ စတင်၍ COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေကြောင်း သိရသည်။
.
တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံ၌ ၅၈၃၄ ဦး၊ မြို့တော်ခန်းမ၌ ၈၁၁၈ ဦး၊ အေးသာယာမြို့ သာသနာ့ဗိမ္မာန်၌ ၄၄၉၅ ဦး၊ ရွှေညောင်မြို့ ရွှေညီလာခန်းမ၌ ၅၁၂၁ ဦး၊ နောင်ကား မြောက် ဘုန်းကြီးကျောင်း၌ ၂၅၄၂ ဦး၊ ကျောက်တလုံးကြီးမြို့၌ Mobile Team ဖြင့် ၅၇၂ ဦး၊ စုစုပေါင်း ၂၆၆၈၂ ဦးကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးမည် ဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားခြင်း ဖြစ်သည်။
.
တရုတ်နိုင်ငံ ထုတ် Sinopharm အမျိုးအစားကာကွယ်ဆေးအား တစ်လုံးလျှင် လူ ၂ ဦးနှုန်းဖြင့် ထိုးနှံ ပေးနေခြင်း ဖြစ်ပြီး အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများကို ဦးစားပေးအဖြစ် ထိုးနှံပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

Home
COVID-19
တောင်ကြီး
ရှမ်းတောင်သတင်းများ
တောင်ကြီးမြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက်ရှိ သက်ကြီးရွယ်အို ၂၆၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေ
တောင်ကြီးမြို့နယ်မှ အသက် ၆၅ နှစ်နှင့်အထက်ရှိ သက်ကြီးရွယ်အို ၂၆၀၀၀ ကျော်ကို COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေ
Tags
# COVID-19
# တောင်ကြီး
# ရှမ်းတောင်သတင်းများ
Share This
About Unknown
ရှမ်းတောင်သတင်းများ
Tags
COVID-19,
တောင်ကြီး,
ရှမ်းတောင်သတင်းများ