ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ယနေ့ ဇူလိုင်လ ၂၁ ရက်ထိ COVID-19 ပိုးတွေ့သူ ၈၄ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
.
ယနေ့ ဇူလိုင်လ ၂၁ ရက်၊ နေ့လယ်ပိုင်းထိ ၂၄ နာရီ အတွင်း ဓါတ်ခွဲနမူနာ ၄၈ ခုအား စစ်ဆေးရာ ၅ ဦးတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း ဟိုပုံး ပြည်သူ့ဆေးရုံက ထုတ်ပြန်ထားသည်။
.
COVID-19 ပိုးတွေ့ လူနာများ အနက် ရောဂါ မပြင်းထန်သူများကို သာသနာ့ဗိမာန် Positive Center ၌ လည်းကောင်း၊ ရောဂါ ပြင်းထန်သူများကို ပြည်သူ့ဆေးရုံ၌ လည်းကောင်း ဆေးကုသမှု ပေးနေကြောင်း သိရသည်။
.
ထို့အတူ ပြည်ပနှင့် Stay at Home ဒေသများသို့ ခရီးသွား ရာဇဝင် ရှိသူများ၊ အတည်ပြုလူနာနှင့် ထိတွေ့မှု ရှိသူများကို ဟိုပုံးမြို့၊ နောင်တောင်း ဗုဒ္ဓကောလိပ်ရှိ Quarantine Center တွင် အသွားအလာ ကန့်သတ် ထားရှိကြောင်းလည်း သိရသည်။