တောင်ကြီးမြို့နယ်တွင် COVID-19 ပိုး ရှိသူ ၁၀၁ ဦး ထပ်မံ တွေ့ရှိ၍ သေဆုံးသူ ၁၂ ဦး ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့နယ်တွင် COVID-19 ပိုး ရှိသူ ၁၀၁ ဦး ထပ်မံ တွေ့ရှိ၍ သေဆုံးသူ ၁၂ ဦး ရှိ



တောင်ကြီးမြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၃၀ ရက်၊ ညနေပိုင်းထိ ၂၄ နာရီအတွင်း COVID-19 ပိုး ရှိသူ ၁၀၁ ဦး ထပ်မံ တွေ့ရှိ၍ သေဆုံးသူ ၁၂ ဦး ရှိခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်တွင် ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၃၀ ရက်ထိ COVID-19 ပိုးရှိသူ စုစုပေါင်း ၁၇၄၇ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၉၇ ဦး၊ ဆေးရုံ ဆင်းခွင့်ရသူ ၆၁၈ ဦး ရှိသဖြင့် ဆေးကုသမှုခံယူနေဆဲ ၁၀၃၂ ဦး ရှိကြောင်း သိရသည်။
.
အဆိုပါ စာရင်းမှာ တရားဝင် ဖွင့်လှစ်ထားသည့် ဆေးရုံများ၊ စင်တာများမှ အတည်ပြုထားသော စာရင်းသာ ဖြစ်ကာ နေအိမ်များ၌ ဆေး ကုသမှု ခံယူသူ၊ သေဆုံးသူ စာရင်းများ မပါဝင်််ကြောင်််း သိရသည်။

Journal Download

Photo of three cats