လာမည့် သီတင်းနှစ်ပတ်အတွင်း မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ခန့် COVID-19 ကူးစက်ခံရနိုင်ကြောင်း ဗြိတိန် သံအမတ် သတိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လာမည့် သီတင်းနှစ်ပတ်အတွင်း မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ခန့် COVID-19 ကူးစက်ခံရနိုင်ကြောင်း ဗြိတိန် သံအမတ် သတိပေး

.

လာမည့် သီတင်းနှစ်ပတ်အတွင်း မြန်မာနိုင်ငံလူဦးရေ ၅၄ သန်း၏ ထက်ဝက်ခန့်သည် COVID-19 ရောဂါပိုး ကူးစက်ခံရ နိုင်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် က သတိပေးပြောဆိုခဲ့သည်ဟု သိရသည်။

.

.

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ အလွတ်သဘောကြားနာပွဲကို ယမန်နေ့ ကြာသပတေးနေ့က ပြုလုပ်ရာတွင် ဗြိတိန်သံအမတ် Mrs Barbara Woodward က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

.

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်မှ ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပြီးနောက် အခြေအနေများ ဖရိုဖရဲ ဖြစ်ပေါ်နေရကြောင်း၊ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် တစ်ခုလုံးနီးပါး ပြိုလဲ နေပြီး ကျန်းမာရေးဝန်ထမ်းများသည် ပစ်မှတ်ထား တိုက်ခိုက်ခံရ၊ ဖမ်းဆီးထိန်းသိမ်းခံနေရကြောင်း ၎င်းက ပြောသည်။

.

“တကယ်တမ်းမှာ ဗိုင်းရပ်စ် အလွန်လျှင်မြန်စွာ ပြန့်နှံ့နေပါတယ်။ တချို့သော ခန့်မှန်းချက်တွေမှာ လာမယ့် ရက်သတ္တ နှစ်ပတ်အတွင်း မြန်မာ့လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ COVID-19 ကူးစက်မှုကို ခံရနိုင်တယ်လို့ ဆိုပါတယ်” ဟု Mrs Barbara Woodward က ပြောသည်။

.

မြန်မာအာဏာသိမ်းခေါင်းဆောင်များက ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးအတွက် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်လျက်ရှိကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြခဲ့သည်ဟု ဆိုသည်။

.

ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်း ကလည်း COVID-19 ကာကွယ်ဆေး အဆင်ပြေ ချောမွေ့စွာ ထိုးနှံပေးနိုင်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး တို့အတွက် နိုင်ငံတကာ၏ စောင့်ကြည့် မှုများ လိုအပ်ကြောင်း ပြောဆိုခဲ့သည်။

.

“ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဦးဆောင်တဲ့ စောင့်ကြည့်ရေးယန္တရား တစ်ရပ်ကို ထူထောင်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဦးကျော်မိုးထွန်းက ပြောသည်။

.

မြန်မာနိုင်ငံတွင် မကြာသေးမီက တရုတ်နိုင်ငံမှ COVID-19 ကာကွယ်ဆေး ၂ သန်းကျော် ရရှိထားပြီးဖြစ်သော်လည်း ယင်းပမာဏမှာ နိုင်ငံလူဦးရေ၏ ၃ ဒသမ ၂ ရာခိုင်နှုန်းကိုသာ လွှမ်းခြုံမှု ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

.

Source – Reuters

.

Journal Download

Photo of three cats