COVID-19 ပိုးတွေ့သံဃာ အများအပြားတွေ့ရှိခဲ့သည့် ဓမ္မဝိဟာရစာသင်တိုက်တွင် ဆွမ်းကွမ်းနှင့် ဆေးဝါးပစ္စည်း အခက်အခဲများရှိနေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 ပိုးတွေ့သံဃာ အများအပြားတွေ့ရှိခဲ့သည့် ဓမ္မဝိဟာရစာသင်တိုက်တွင် ဆွမ်းကွမ်းနှင့် ဆေးဝါးပစ္စည်း အခက်အခဲများရှိနေ

.

COVID-19 ပိုးတွေ့သံဃာ အများအပြား တွေ့ရှိခဲ့သည့် တောင်ကြီးမြို့၊ ချမ်းမြသာစည်ရပ်ကွက်ရှိ ဓမ္မဝိဟာရ စာသင်တိုက်တွင် သံဃာတော်များအတွက် ဆွမ်းကွမ်းနှင့် ဆေးဝါးပစ္စည်းအခက်အခဲများ ရှိနေပြီး ဆက်သွယ် လှူဒါန်း နိုင်သည်ဟု သိရသည်။

.

.

ဓမ္မဝိဟာရစာသင်တိုက်၏ ကျောင်းထိုင်ဆရာတော် ဦးကောဝိဒသည် ဇူလိုင်လ ၂၇ ရက်၊ နံနက်ပိုင်းက COVID-19 ရောါ ဖြင့် ပျံလွန်တော်မူခဲ့ပြီးနောက် အဆိုပါကျောင်းတိုက်ရှိ သံဃာတော် ဆရာတော်၊ သံဃာတော် ၁၄၂ ပါးတို့အား ယမန်နေ့ ဇူလိုင်လ ၂၈ ရက်က COVID-19 ရောဂါပိုး စစ်‌ဆေးခဲ့ရာ ၅၈ ပါးတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

.

“ဆွမ်းကွမ်းကတော့ ဥူးဇင်းတို့ အဆင်ပြေအောင် လုပ်နေပါတယ်။ ကျောင်းမှာတော့ မချက်နိုင်တော့ဘူးပေါ့။ အပြင်က ချက်ပြီး တစ်ပိုင်တစ်နိုင် လာလှူတာတွေ ရှိပါတယ်။ ဆွမ်းအတွက်ကတော့ အနည်းနဲ့အများ လာတော့လာနေပါတယ်။ ခုတလော ၅ ရက်စာလောက်တော့ အလှူရှင်တွေ လာလျှောက်ထားတာတော့ ရှိနေပါပြီ။ အဲဒီနောက်ပိုင်းတော့ မရှိသေး ပါဘူး။ ဆေးဝါးအတွက်တော့ အောက်စီဂျင်တွေကအစ ဘာမှမရှိသေးပါဘူး။ ကျန်းမာရေးပိုင်းက အဓိက လိုအပ်တာပါ။ Positive သံဃာတွေကို ကြည့်ပေးမယ့်သူတွေမရှိဘူးပေါ့။ ကျန်းမာရေးဦးစီးဌာနကပဲဖြစ်ဖြစ် ဒါကို လုပ်ပေးစေချင်ပါတယ်” ဟ ဓမ္မဝိဟာရစာသင်တိုက်မှ ဆရာတော် ဦးဉာဏောဘာသ က ကမ္ဘောဇတိုင်းသို့ မိန့်ကြားခဲ့သည်။

.

လက်ရှိတွင် ပိုးတွေ့သံဃာများအား ကျောင်းဝင်းအတွင်း၌ သီးခြားထားရှိ စောင့်ကြည့်ထားပြီး ဆေးဝါးပစ္စည်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသဖြင့် အခက်အခဲဖြစ်ပေါ်နေရခြင်းဖြစ်ကာ လက်ရှိအချိန်ထိ သက်ဆိုင်ရာဌာနများ မှလည်း လာရောက်ကြည့်ရှုထောက်ပံ့လှူဒါန်းခြင်းမျိုး မရှိသေးကြောင်း သိရသည်။

.

အဆိုပါ ဓမ္မဝိဟာရစာသင်တိုက်သို့ ဆွမ်းကွမ်းနှင့် ဆေးဝါးလှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းလိုပါက ဆရာတော် ဦးဉာဏောဘာသ၊ ဖုန်း ၀၉၄၂၈၃၃၈၁၈၄ ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

.

Journal Download

Photo of three cats