လင်းခေးမြို့နယ်အတွင်း COVID-19 ပိုးတွေ့လူနာ ၁၀၃ ဦး အထိ ရှိလာ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လင်းခေးမြို့နယ်အတွင်း COVID-19 ပိုးတွေ့လူနာ ၁၀၃ ဦး အထိ ရှိလာ

.

လင်းခေးမြို့နယ်အတွင်း COVID-19 ရောဂါ ပိုးတွေ့လူနာ ၁၀၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

.

.

လင်းခေးမြို့နယ်အတွင်းရှိ COVID-19 ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်သူ Contact များအား ယမန်နေ့ ဇူလိုင်လ ၂၇ ရက်က မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တို့ ပူးပေါင်း၍ စစ်ဆေးခဲ့ရာ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၄ ဦး တွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။

.

လင်းခေးမြို့နယ်အတွင်း COVID-19 ရောဂါပိုး တွေ့ရှိမှု အနေဖြင့် ဇူလိုင်လ ၁၉ ရက်တွင် ၇ ဦး၊ ၂၀ ရက်တွင် ၂၂ ဦး၊ ၂၁ ရက်တွင် ၁၁ ဦး၊ ၂၂ ရက်တွင် ၁၀ ဦး၊ ၂၄ ရက်တွင် ၂၀ ဦး၊ ၂၆ ရက်တွင် ၁၉ ဦးနှင့် ယမန်နေ့ ၂၇ ရက်တွင် ၁၄ ဦး၊ စုစုပေါင်း ၁၀၃ ဦး တွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာများအား Positive Center ၄ ခုတွင် ဆေးကုသမှု ပေးလျက်ရှိကာ ပိုးတွေ့လူနာများနှင့် ထိတွေ့ ဆက်စပ်သူ Contact များအား ယနေ့ ဇူလိုင်လ ၂၈ ရက်တွင် ဆက်လက် စစ်ဆေး ပေးလျက်ရှိကြောင်း သိရသည်။

.

အယ်လ်စိုင်း (လင်းခေး)

.

Journal Download

Photo of three cats