ရှမ်းပြည်နယ်အတွင်း COVID-19 လူနာအသစ် ၆၄၅ ဦး ထပ်မံတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းပြည်နယ်အတွင်း COVID-19 လူနာအသစ် ၆၄၅ ဦး ထပ်မံတွေ့ရှိ

.

ရှမ်းပြည်နယ်အတွင်း ယနေ့ ဇူလိုင်လ ၂၇ ရက် စစ်ဆေးမှုများအရ COVID-19 ပိုးတွေ့လူနာအသစ် ၆၄၅ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၄ ဦး ရှိကြောင်း သိရသည်။

.


.

အဆိုပါ ပိုးတွေ့လူနာအသစ်များမှာ PCR ဖြင့် စစ်ဆေးသူ ၂၀၇ ဦးနှင့် RDT Test Kit ဖြင့် စစ်ဆေးသူ ၄၃၈ ဦး တို့ဖြစ်ကြောင်း သိရသည်။

.

ပိုးတွေ့လူနာအသစ် အများဆုံး တွေ့ရှိရသည့် မြို့နယ်မှာ ညောင်ရွှေဖြစ်ပြီး ပိုးတွေ့လူနာအသစ် ၈၅ ဦး တွေ့ရှိခဲ့ကာ တောင်ကြီးမြို့နယ်တွင် ၇၀ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

တောင်ကြီးမြို့နယ်တွင် ပိုးတွေ့လူနာအသစ် ၇၀ ဦး တွေ့ရှိခဲ့သည့်အနက် ၄၁ ဦးမှာ မိုးကုတ်ဝိပဿနာ (တောင်ကြီး) တွင် RTD Test Kit ဖြင့် စစ်ဆေးခဲ့သူများဖြစ်ပြီး ၂၁ ဦးမှာ PCR ဖြင့် စစ်ဆေးသူများဖြစ်ကာ တောင်ကြီးမြို့နယ်အတွင်း ယနေ့ ဇူလိုင်လ ၂၇ ရက်၌ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၅ ဦး ရှိကြောင်း သိရသည်။

.

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ ဇူလိုင်လ ၂၇ ရက်တွင် ပိုးတွေ့လူနာအသစ် ၄၉၆၄ ဦး တွေ့ရှိခဲ့ပြီး COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၃၃၈ ဦး ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats