ပင်လောင်းမြိုနယ်တွင် ကုသဆဲ COVID-19 ပိုးတွေ့လူနာ ၉၀ ကျော်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ပင်လောင်းမြိုနယ်တွင် ကုသဆဲ COVID-19 ပိုးတွေ့လူနာ ၉၀ ကျော်ရှိ

.

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ်တွင် ဆေးကုသမှု ခံယူနေဆဲ COVID-19 ပိုးတွေ့လူနာ ၉၀ ဦးကျော် ရှိကြောင်း သိရသည်။

.


.

ပင်လောင်းမြိုနယ်တွင် ဇွန်လ ၃၀ ရက်မှ ဇူလိုင်လ ၂၆ ရက်အထိ COVID-19 ရောဂါ အတည်ပြု လူနာ စုစုပေါင်း ၂၂၂ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ဆေးရုံဆင်းခွင့် ရရှိသူ ၁၂၆ ဦး၊ သေဆုံးသူ ၄ ဦး ရှိပြီ ဖြစ်ရာ ၉၂ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။

.

ယနေ့ ဇူလိုင်လ ၂၅ ရက်တွင်မူ ပင်လောင်းမြိုနယ်၌ COVID-19 ပိုး ရှိသူအသစ် ၂၀ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး ၎င်းတိုမှာ ပေါ့အင်ကျေးရွာအုပ်စု၊ တပိုင်မိုရွာမှ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ တီကျစ်နဂါးဘိလပ်မြေ စက်ရုံမှ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၅ ဦး၊ တီကျစ်လျှပ်စစ် စက်ရုံမှအမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ ပင်မွန်းကျေးရွာအုပ်စု လိုင်းပေရွာမှ အမျိုးသား ၁ ဦးတို ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats