.
လင်းခေးမြို့နယ်တွင်
ယနေ့ ဇူလိုင်လ ၂၅ ရက်အထိ COVID-19 ရောဂါ ပိုးတွေ့လူနာ ၇၀ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက
သိရသည်။
.
.
လင်းခေးမြို့နယ်တွင်
ဇူလိုင်လ ၂၁ ရက်နှင့် ၂၂ ရက်က COVID-19
ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ဆက်စပ်သူ Contact ၅၀ ဦးနှင့် ထပ်ဆင့် Contact များအား ယမန်နေ့ ဇူလိုင်လ
၂၄ ရက်က ဆက်လက်စစ်ဆေးပေးခဲ့ရာ COVID-19 ရောဂါ ပိုးတွေ့လူနာ
၂၀ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
လင်းခေးမြို့နယ်တွင်
ဇူလိုင်လ ၁၉ ရက်က COVID-19 ရောဂါ ပိုးတွေ့လူနာ ၇ ဦး၊ ၂၀ ရက်နေ့က ၂၂ ဦး၊ ၂၁ ရက်က ၁၁ ဦး၊ ၂၂ ရက်က ၁၀ ဦး
နှင့် ယမန်နေ့ ဇူလိုင်လ ၂၄ ရက်တွင် ၂၀ ဦး ထပ်မံတွေ့ရှိသဖြင့် စုစုပေါင်း COVID-19
ရောဂါ ပိုးတွေ့လူနာ ၇၀ ဦး ရှိလာပြီဖြစ်ပြီး လူနာများအား စနစ်တကျ ကုသပေးလျက်ရှိကြောင်း
မြို့နယ် ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရသည်။
.
◾️ အယ်လ်စိုင်း (လင်းခေး)
.