တောင်ကြီးမြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၂၃ ရက်၊ ညနေပိုင်းထိ COVID-19 ပိုးရှိသူ ၁၃၉ ဦး ထပ်မံ တွေ့ရှိခဲ့ပြီး သေဆုံးသူ ၅ ဦး ရှိကြောင်း သိရသည်။
.
တောင်ကြီးမြို့မှ ၅၈ ဦး၊ အေးသာယာမြို့မှ ၃၉ ဦး၊ ရွှေညောင်မြို့မှ ၁၈ ဦး၊ ပင်းတယမြို့မှ ၁ ဦး၊ ကျေးရွာအုပ်စုများမှ ၂၃ ဦး၊ စုစုပေါင်း ၁၃၉ ဦးတို့တွင် ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
တောင်ကြီးမြို့နယ်တွင် ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၂၃ ရက်အထိ COVID ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၁၂၁၁ ဦး ရှိပြီး ယင်းအနက် သေဆုံးသူ ၄၃ ဦးရှိ၍ ၃၂၃ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရရှိပြီ ဖြစ်ကာ ဆေးကုသမှုခံယူနေသူ ၈၄၅ ဦး ရှိကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi #COVID19
.