တောင်ကြီးမြို့နယ် အတွင်း၌ ယမန်နေ့ ဇူလိုင်လ ၂၂ ရက်တွင် COVID-19 ကြောင့် သေဆုံးခဲ့ရသူ ၁၁ ဦး ရှိ၍ အများဆုံး စံချိန် တင်ခဲ့ကြောင်း သိရသည်။
.
သေဆုံးသူမှာ ယခင်က ၂၇ ဦး ရှိသည့်အတွက် မြို့နယ် တစ်ခုလုံး၌ စုစုပေါင်း သေဆုံးသူ ၃၈ ဦးထိ ရှိလာပြီ ဖြစ်သည်။
.
ထို့အတူ RDT ဖြင့် စစ်ဆေးမှုအရ မြို့တော် တောင်ကြီး၌ ဇူလိုင်လ ၂၂ ရက်၊ ညပိုင်းထိ ၂၄ နာရီအတွင်း COVID-19 ပိုးတွေ့သူ ၃၃ ဦး ရှိခဲ့သဖြင့် ပိုးတွေ့သူ စုစုပေါင်း ၁၀၅၃ ဦးထိ ရှိလာကာ ယင်းအနက် ဆေးရုံဆင်းခွင့်ရသူ ၂၀၀ ဦးကျော်ခန့် ရှိ၍ ၈၀၀ ဦးကျော်ခန့်မှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
#KBZTai #Shan #Taunggyi #COVID19