လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၌ ယမန်နေ့ ဇူလိုင်လ ၂၁ ရက်က ရောဂါပိုးရှိသူ ၁၁ ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
.
ခရီးသွား ရာဇဝင် ရှိသူနှင့် အတည်ပြုလူနာများနှင့် ထိတွေ့မှု ရှိသူ စုစုပေါင်း ၂၉ ဦးတို့၏ ဓါတ်ခွဲနမူနာများကို စစ်ဆေးစဉ် ၁၁ ဦး၏ ဓါတ်ခွဲနမူနာများ၌ COVID-19 ပိုး တွေ့ရခြင်း ဖြစ်သည်။
.
လင်းခေးမြို့နယ်တွင် COVID-19 ပိုး တွေ့ရှိမှု အနေဖြင့် ဇူလိုင်လ ၁၉ ရက်က ၇ ဦး၊ ၂၀ ရက်တွင် ၂၂ ဦး၊ ၂၁ ရက်တွင် ၁၁ ဦး၊ စုစုပေါင်း ၃ ရက်အတွင်း ၄၀ ဦး ရှိကြောင်း သိရသည်။
.
မြို့နယ် ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာန အနေဖြင့် မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မီနှင့် ပူးပေါင်းကာ လူနာကုသဆောင်များအား စနစ်တကျစီစဉ် ဆောင်ရွက်ကာ ပိုးတွေ့ လူနာများအား ကုသပေးနေကြောင်း သိရသည်။
.
◾အယ်လ်စိုင်း
.
#KBZTai #Shan #Langkho #COVID19