ရှမ်းတောင်ရှိ အကျဉ်းထောင်များတွင် COVID-19 ပိုးတွေ့အကျဉ်းသား မရှိ ဟုဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းတောင်ရှိ အကျဉ်းထောင်များတွင် COVID-19 ပိုးတွေ့အကျဉ်းသား မရှိ ဟုဆို

.

ရှမ်းတောင်ရှိ အကျဉ်းထောင်နှင့် အကျဉ်းစခန်းအသီးသီးတွင် အကျဉ်းကျခံနေရသူများအနက် COVID-19 ရောဂါပိုး တွေ့ရှိသူ မရှိကြောင်း ရှမ်းပြည်နယ်အကျဉ်းဦးစီးဌာန ထံက သိရသည်။

.

.

“ပြည်နယ်အတွင်းက အကျဉ်းထောင်တွေထဲမှာ COVID-19 ပိုးတွေ့လူနာ တစ်ဦးမှ မရှိပါဘူး။ ဒီမှာက လူလည်း ချောင်တဲ့အတွက်ကြောင့်ပါ။ ဝန်ထမ်း ၄ ယောက်၊ မိသားစုဝင် တစ်ယောက် ဖြစ်တာ အားလုံး ပြန်ကောင်းသွားပြီး ဆေးရုံပြန်ဆင်းလာပါပြီ။ ဝန်ထမ်း ၃ ယောက်က ဂျူတီတောင် ပြန်ဝင်နေပါပြီ” ဟု ရှမ်းပြည်နယ်အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် COVID-19 ရောဂါပိုး တွေ့ရှိသူ အကျဉ်းသား/သူ ၃၇၅ ဦး တွေ့ရှိခဲ့ ပြီး ယမန်နေ့ ဇူလိုင်လ ၂၀ ရက်အထိ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းရသူ ၁၅၂ ဦး၊ ဆက်လက် ကုသမှု ခံယူဆဲ ၂၀၈ ဦးနှင့် သေဆုံးသူ ၆ ဦးရှိခဲ့ပြီး COVID-19 ရောဂါဖြစ်ပွား၍ ရောဂါပျောက်ကင်းပြီးနောက် အကျဉ်းထောင်မှ လွတ်ရက်စေ့ လွတ်မြောက်ခဲ့သူ ၉ ဦး ရှိကြောင်း သိရသည်။

.

ယင်းကဲ့သို့ အကျဉ်းထောင်များတွင် အကျဉ်းကျနေသူများအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟို အလုပ် အမှုဆောင် ဦးဉာဏ်ဝင်းသည် ယမန်နေ့ ဇူလိုင်လ ၂၀ ရက်၊ နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ရောဂါဖြင့် ဆေးကုသမှု ခံယူနေစဉ် ကွယ်လွန်ခဲ့သည်။

.

Journal Download

Photo of three cats