လင်းခေးတွင် COVID-19 ပိုးရှိသူ ၇ ဦး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လင်းခေးတွင် COVID-19 ပိုးရှိသူ ၇ ဦး တွေ့ရှိ

လင်းခေးမြို့တွင် ဇူလိုင်လ ၁၉ ရက်၌ COVID-19 ရောဂါပိုး ရှိသူ ၇ ဦး စစ်ဆေး တွေ့ရှိခဲ့ကြောင်း မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

.



လင်းခေးမြို့ ပြည်သူ့ဆေးရုံ၌ Stay at Home မြို့နယ်များသို့ ခရီးသွားရာဇဝင် ရှိသူများ၊ အနံ့ပျောက်သူများ၊ အကြောင်းရင်း မသိဘဲ ဖျားနာနေသူများနှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း ၃၃ ဦး၏ ဓါတ်ခွဲနမူနာများကို RDT ဖြင့် စစ်ဆေးရာတွင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၇ ဦးတွင် COVID-19 ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
.
COVID-19 ပိုး တွေ့ ရှိသူများအနက် ခရီးသွား ရာဇဝင် မရှိသူများလည်း ပါရှိပြီး ကျန်းမာရေး ဝန်ထမ်းများ၏ ဓါတ်ခွဲနမူနာများတွင် ပိုး မတွေ့ရကြောင်း သိရသည်။
.
အဆိုပါ ပိုး တွေ့ရှိသူများနှင့် ထိတွေ့မှု ရှိသူများကို COVID-19 ပိုး ရှိ/မရှိ ဆက်လက် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.
#KBZTai  #Shan  #Langkho #LSai
.

Journal Download

Photo of three cats