လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့၊ အထက်ကျိုင်းတောင်း ရေအား လျှပ်စစ်စီမံကိန်းတွင် ဇူလိုင်လ ၂၇ ရက်က COVID-19 ပိုး ရှိသူ ၂၈ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းမှ COVID-19 ပိုး ရှိသူနှင့် ထိတွေ့မှု ရှိသူ ၅၁ ဦးကို စစ်ဆေးစဥ် အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၁၄ ဦး၊ စုစုပေါင်း ၂၈ ဦးတွင် ပိုး တွေ့ခဲ့ခြင်း ဖြစ်ပြီး ယင်းပိုးတွေ့သူများအား ကျိုင်းတောင်းမြို့ အမှတ်(၅) တည်ဆောက်ရေး၊ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း အခြေစိုက်စခန်းဝင်းရှိ သီးသန့်ဆောင်တွင် ထားရှိကာ ဆေးကုသမှု ပေးနေကြောင်း သိရသည်။
.
ကျိုင်းတောင်းမြို့တွင် COVID-19 ပိုးတွေ့လူနာ စုစုပေါင်း ၄၄ ဦးထိ ရှိလာပြီး ယင်းအနက် ၃၈ ဦးမှာ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ် စီမံကိန်းမှ ဖြစ်ကြောင်း မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
. ◾မျိုးညွန့်ရွှေ (မိုးနဲ)
.
#KBZTai #Shan #Mongnai #COVID19

Home
COVID-19
ကျိုင်းတောင်း
အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၌ COVID-19 ပိုးရှိသူ ၂၈ ဦး ထပ်မံတွေ့ရှိ