.
လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင်
ယမန်နေ့ တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲခန်း၏ အဖြေအရ COVID-19 ရောဂါ ပိုးတွေ့လူနာ ၂၃ ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း
သိရသည်။
.
မိုးနဲမြို့၊ မိုးကုတ်ရိပ်သာကျောင်းနှင့်
မြို့နယ်မီးသတ်ဦးစီးဌာနတို့တွင် Quarantine
ဝင်ရောက်နေသူ ၄၀ ဦးတို့၏ ဓါတ်ခွဲ နမူနာများအား ဇူလိုင်လ ၂၇ ရက်တွင် ရယူ၍
တောင်ကြီးမြို့၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ ယမန်နေ့ ဇူလိုင်လ
၂၉ ရက်၊ ညပိုင်း ဓါတ်ခွဲခန်းအဖြေအရ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၇ ဦး၊ စုစုပေါင်း
၂၃ ဦး တို့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာများအား
မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံ Isolation
Ward သို့ ပြောင်းရွှေ့ပြီး ဆေးကုသမှု ပေးလျက်ရှိ ကာ ပိုးတွေ့သူအားလုံး
ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
.
မိုးနဲမြို့နယ်တွင်
ယနေ့ ဇူလိုင်လ ၃၀ ရက်အထိ COVID-19 ရောဂါ ပိုးတွေ့လူနာ ၅၀ ဦး ရှိလာပြီဖြစ်ပြီး ယင်းလူနာ များအနက် ဆေးရုံမှ ဆင်းခွင့်ရသူ
၁၂ ဦးနှင့် သေဆုံးသူ တစ်ဦး ရှိခဲ့ကြောင်း သိရသည်။
.
မျိုးညွန့်ရွှေ (မိုးနဲ)
.