.
တောင်ကြီးမြို့နယ်အတွင်း
ယနေ့ ဇူလိုင်လ ၂၅ ရက်အထိ ဆေးကုသမှုခံယူဆဲ COVID-19 ရောဂါ အတည်ပြုလူနာ ၈၇၅ ဦး ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏
ထုတ်ပြန်ချက်အရ သိရသည်။
.
.
တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့်
၂၀၁၁ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ယနေ့ ဇူလိုင်လ ၂၅ ရက်အတွင်း COVID-19 ရောဂါ ပိုးတွေ့လူနာ စုစုပေါင်း
၁၃၄၂ ဦး ရှိသည့်အနက် ၄၁၁ ဦး မှာ ဆေးရုံဆင်းခွင့်ရခဲ့ပြီး သေဆုံးသူ ၅၆ ဦး ရှိခဲ့ကာ လက်ရှိ
ဆေးကုသနေဆဲလူနာ ၈၇၅ ဦး ကျန်ရှိခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာများကို
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ (ကုသရေးစင်တာ)၊ အမျိုးသမီးနှင့်ကလေးဆေးရုံ (Positive Center)၊ ကွန်ပျူတာတက္ကသိုလ်
(Positive Center)၊ တောင်ကြီးတက္ကသိုလ် (Positive
Center)၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် (Positive Center) နှင့် အေးသာယာ အာကာသိပ္ပံ (Positive Center) တို့တွင်
ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
.
ယင်းကဲ့သို့ ပိုးတွေ့လူနာ
များပြားလာနေသည့် တောင်ကြီးမြို့နယ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ
၂၅ ရက်၊ ညပိုင်းတွင် Stay at Home အမိန့် ထုတ်ပြန်ကြေညာထားသည်။
.