.
တောင်ကြီးမြို့နယ်အတွင်း
ဇွန်လ ၁ ရက်မှ ယနေ့ ဇူလိုင်လ ၂၀ ရက်အထိ ရက်ပေါင်း ၅၀ အတွင်း COVID-19 ရောဂါ ပိုးတွေ့အတည်ပြုလူနာ
၉၂၄ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
.
အဆိုပါ ပိုးတွေ့လူနာများအနက်
၂၆ ဦး သေဆုံးခဲ့ပြီး ၂၀၀ ဦးမှာ ဆေးရုံမှာ ဆင်းခွင့်ရပြီဖြစ်ကာ လက်ရှိ ဆေးကုသမှု ခံယူနေသူ
၆၉၈ ဦး ကျန်ရှိကြောင်း တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
.
တောင်ကြီးတွင် ယနေ့
ဇူလိုင်လ ၂၀ ရက် စစ်ဆေးမှုအရ COVID-19 ရောဂါ ပိုးတွေ့လူနာ ၆၀ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ၎င်းတို့မှာ တောင်ကြီးမြို့ပေါ်မှ
၁၄ ဦး၊ အေးသာယာမြို့မှ ၂၃ ဦး၊ ရွှေညောင်မြို့မှ ၁၈ ဦးနှင့် ကျေးရွာ အုပ်စုများမှ ၅
ဦးတို့ဖြစ်ကာ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး
တစ်ဦး၊ အေးသာယာမြို့မှ အမျိုးသား ၂ ဦး၊ စုစုပေါင်း ၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
.
တောင်ကြီးမြိုနယ်အတွင်းမှ
ပိုးတွေ့အတည်ပြုလူနာများကို စဝ်ထွန်းဆေးရုံ (ကုသရေး Center)၊ အမျိးသမီးနှင့် ကလေးဆေးရုံ (Positive
Center)၊ ကွန်ပျုတာတက္ကသိုလ် (Positive
Center)နှင့် တောင်ကြီးတက္ကသိုလ် (Positive
Center) နှင့် တောင်ကြီးပညာရေးဒီဂရီကောလိပ်
Positive Center တိုတွင် ဆေးကုသမှုပေးလျက်ရှိပြီး အေးသာယာ အားကာသိပ္ပံကို ထပ်မံပြင်ဆင်ထားကြောင်း
သိရသည်။
.
#KBZTai #Shan #Taunggyi #COVID19
.