ရှမ်းပြည်နယ်အတွင်း၌ ယမန်နေ့ ဇူလိုင်လ ၁၉ ရက်၊ ည ၈ နာရီထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း COVID-19 ပိုးတွေ့သူ ၈၈၇ ဦး ရှိပြီး သေဆုံးသူမှာ ၂၄ နာရီအတွင်း ၁၁ ဦး ရှိကြောင်း သိရသည်။
ပြည်နယ်အတွင်းရှိ မြို့နယ်များအနက် ၃၃ မြို့နယ်တွင် ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကာ မြို့တော် တောင်ကြီးတွင်မူ ပိုး တွေ့ရှိသူ ၂၉၀ ဦးဖြင့် စံချိန်တင် အများဆုံး တွေ့ရှိခဲ့သည်။
.
တောင်ကြီးမြို့နယ်၏ ပိုး တွေ့ရှိမှု အခြေအနေမှာ မိုးကုတ်ဝိပဿနာ(တောင်ကြီး)၌ စစ်ဆေးသည့် ဓါတ်ခွဲနမူနာများအနက် ၈၀ ဦး၊ RDT စစ်ဆေးရေးဌာန(တောင်ကြီး)၌ စစ်ဆေးသည့် ဓါတ်ခွဲနမူနာများအနက် ၆၂ ဦး၊ စဝ်စံထွန်းဆေးရုံ စစ်ဆေးရေးဌာန၌ စစ်ဆေးသည့် ဓါတ်ခွဲနမူများ အနက် ၈ ဦး၊ PCR စက်ဖြင့် စစ်ဆေးသည့် ဓါတ်ခွဲနမူနာများ အနက် ၁၄၀ ဦး၊ စုစုပေါင်း COVID-19 ပိုးတွေ့သူ ၂၉၀ ဦး ဖြစ်ကြောင်း သိရသည်။
မြန်မာ တစ်နိုင်ငံလုံးတွင်မူ ၂၄ နာရီအတွင်း COVID-19 ပိုး တွေ့ရှိသူ ၅၁၈၉ ဦး၊ သေဆုံးသူ ၂၈၁ ဦး ရှိကြောင်း သိရသည်။