.
တောင်ကြီးမြို့နယ်၊
အေးသာယာမြို့ရှိ အားကစားနှင့်ကာယပညာသိပ္ပံကျောင်းတွင် COVID-19 Positive Center ဖွင့်လှစ်နိုင်ရန်
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
“ဘယ်တော့ စဖွင့်မှာလဲ
ဆိုတာကတော့ တောင်ကြီးမှာ ဖွင့်ထားတဲ့ Positive
Center တွေပြည့်မှ ဒီစင်တာ ဖွင့်မှာပါ။ လောလောဆယ်တော့ လူဦးရေ ၁၂၀ စာ
တွက်ထားပါတယ်။ အေးသာယာ၊ ရွှေညောင်၊ အောင်သပြေက လူနာတွေ အတွက်ပါ” ဟု အေးသာယာမြို့ အုပ်ချုပ်ရေးမှူး
ဦးအောင်သူရက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
တောင်ကြီးမြို့နယ်အတွင်းရှိ
COVID-19 ပိုးတွေ့လူနာများကို
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ ကုသရေးစင်တာ အပြင် အမျိုးသမီးနှင့် ကလေးဆေးရုံ (Positive
Center)၊ ကွန်ပျူတာတက္ကသိုလ် (Positive Center)၊ ပညာရေး ဒီဂရီကောလိပ် (Positive Center) တို့၌ လက်ခံထားရှိ
ကုသပေးလျက်ရှိပြီး ယခု အေးသာယာမြို့၌ Positive Center ထပ်မံဖွင့်လှစ်နိုင်ရန်
ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
.
တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏
ယမန်နေ့ ဇူလိုင်လ ၂၀ ရက်၊ ညပိုင်း ထုတ်ပြန်ချက်အရ တောင်ကြီးမြို့နယ်အတွင်း COVID-19 ပိုးတွေ့လူနာ ၉၂၄ ဦး ရှိသည့်အနက်
၆၉၈ ဦး ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ၎င်းတို့ကို အဆိုပါ ကုသရေးစင်တာနှင့် Positive
Center အသီးသီး၌ လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။
.Photo - ISPE Taunggyi
.