ကျောက်မဲတွင် လိုလျှင်ယူ၊ ပိုလျှင်လှူ အစီအစဉ်ဖြင့် စားနပ်ရိက္ခာများ နေ့စဉ်မျှဝေ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကျောက်မဲတွင် လိုလျှင်ယူ၊ ပိုလျှင်လှူ အစီအစဉ်ဖြင့် စားနပ်ရိက္ခာများ နေ့စဉ်မျှဝေ

.

ကျောက်မဲမြို့တွင် COVID-19 ကာလအတွင်း ပြည်သူမှ ပြည်သူသို့ ကူညီထောက်ပံ့သည့်အနေဖြင့် ဇူလိုင်လ ၂၄ ရက်မှစတင်၍ လိုလျှင်ယူ ပိုလျှင်လှူ အစီအစဉ်ဖြင့် စားနပ်ရိက္ခာဝေငှမှုအစီအစဉ်ကို နေ့စဉ်မျှဝေပေးနေကြောင်း သိရသည်။

.

.

လိုလျှင်ယူ ပိုလျှင်လှူ စားနပ်ရိက္ခာ မျှဝေခြင်းကို အမှတ် (၃) ရပ်ကွက် မန်နားရပ်ရှိ ရွှေယုန်မိသားစု ကုန်စုံဆိုင်နေရာ၌ နေ့စဉ် နံနက် ၉ နာရီမှစတင်၍ စတင်ပြုလုပ်ပေးနေပြီး ပါဝင်လှူဒါန်းလိုသူများအနေဖြင့် အဆိုပါနေရာတွင် ပေးပို့လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

.

နေ့စဉ် စားနပ်ရိက္ခာမျှဝေမှုအစီအစဉ်တွင် ဆန်၊ ဆီ၊ အသား၊ ဟင်းသီးဟင်းရွက်များကို မျှဝေပေးနေကြပြီး စားနပ်ရိက္ခာလာယူစဉ် COVID-19 ကူးစက်မှုမဖြစ်စေရန် Mask တပ်ဆင်လာကြရန်၊ တန်းစီရာတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာမှ တန်းစီကြရန်၊ အများထိတွေ့ကိုင်တွယ်ထားသည့်အရာများကို ထိမိသည့်လက်ကို ဆပ်ပြာဖြင့် မဆေးကြောဘဲ မျက်နှာကို ထိတွေ့ကိုင်တွယ်မှု မလုပ်ကြရန်ကိုလည်း သတိပေးထားသည်။

.

ကျောက်မဲမြို့နယ်တွင် COVID-19 တတိယလှိုင်းကာလအတွင်း ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းအထိ ပိုးတွေ့လူနာ ၃၀၀ ကျော်တွေ့ရှိထားပြီး ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

Source – Tachileik News Agency

.

Journal Download

Photo of three cats