ရွာငံတွင် မိုးဗြဲမြို့မှ မန္တလေးသို့ သယ်ဆောင်လာသည့် ငွေကျပ် သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် ဘိန်းများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွာငံတွင် မိုးဗြဲမြို့မှ မန္တလေးသို့ သယ်ဆောင်လာသည့် ငွေကျပ် သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် ဘိန်းများ ဖမ်းမိ

.

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျောက်ကူပြင်ကျေးရွာအနီးတွင် ဇူလိုင်လ ၂၂ ရက်၊ ညပိုင်းက မိုးဗြဲမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်လာသည့် ငွေကျပ် သိန်း ၁၁၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် ဘိန်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.

.

မူးယစ်‌ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ဇူလိုင်လ ၂၂ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် ရွာငံမြို့နယ်၊ ကျောက်ကူပြင်ကျေးရွာ၊ ရွာငံ - ကျောက်ဆည် သွားကားလမ်းအနီး တွင်  ရွာငံဘက်မှ ကျောက်ဆည်ဘက်သို့ ယာဉ်မောင်း သန်းဝင်း မောင်းနှင်ပြီး ကျော်ဆန်း လိုက်ပါလာသည့် NISSAN CONDOR (၆) ဘီးရေသယ်ယာဉ်ကိုရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်၏ရေတိုင်ကီအတွင်း သိုဝှက်သယ်ဆောင် လာသည့်ကော်ပိုက်များအတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၁၁၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁ ဒသမ ၉၂ ကီလိုနှင့် ဘိန်း ၂၈၈ ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

.

အဆိုပါ သိမ်းဆည်းရမိသောမူးယစ်ဆေးဝါးများကို ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှ မန္တလေးမြို့သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီးကွင်းဆက်ပြစ်မှုကျူးလွန်သူများအားဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats