မောက်မယ်မြို့ နမ့်ယွမ်းဂေါက်ကွင်းတွင် ယာယီစျေး ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မောက်မယ်မြို့ နမ့်ယွမ်းဂေါက်ကွင်းတွင် ယာယီစျေး ဖွင့်လှစ်




.
လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အတွင်း COVID-19 ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရေး ရည်ရွယ်ပြီး မောက်မယ် မြို့မစျေးအတွင်းရှိ ပျံကျစျေးသည်များအတွက် မောက်မယ် နမ့်ယွမ်းဂေါက်ကွင်းတွင် ယမန့်နေ့ ဇူလိုင်လ ၂၆ ရက်၊ နံနက်ပိုင်းမှ စတင်၍ ယာယီစျေး ဖွင့်လှစ် ပေးထားကြောင်း သိရသည်။
.
“ မောက်မယ် မြို့မစျေးမှာ နေရာက ကျဉ်းတော့ လူစုလူဝေးတွေ ဖြစ်လာနိုင်ပါတယ်။ အခုလို နေရာ အကျယ်၀န်းထဲမှာ တစ်ဆိုင်နှင့် တစ်ဆိုင် ၆ ပေစီ နေရာလေးတွေ ခြားပြီး  အတန်းလိုက် စနစ် တကျ စီစဉ်ပေးထားတော့ စျေးရောင်း /စျေး၀ယ်သူတွေ အကွာအဝေး နီးစပ်မှု မရှိတော့ဘူး။ ရောဂါလည်း ကာကွယ် ထိန်းချုပ်ပြီးသား ဖြစ်တာပေါ့။ ပစျေးရောင်း/ စျေး၀ယ်သူတွေကိုလည်း Mask တပ်ဆင်မှသာ ၀င်ခွင့်ပေးမှာ ဖြစ်ပြီး သတ်မှတ်နေရာတွေမှာ  စနစ်တကျ ရောင်းဖို့ နဲ့ ကျန်းမာရေး အသိပညာပေးမှုတွေလည်း ဆောင်ရွက်နေပါတယ်။” ဟု မြို့နယ်စည်ပင်သာယာရေးဌာန ဝန်ထမ်း တစ်ဦးက ပြောသည်။
.
မောက်မယ်မြို့နယ်အတွင်း၌ ဇူလိုင်လ ၁၈ ရက်မှ ၂၂ ရက်အထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၂၃ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။ 
.                                                                                 ◾စိုင်းမျိုးသန့် (မောက်မယ်)
.
#KBZTai #Shan #Maukmal

Journal Download

Photo of three cats