မိုးနဲမြို့ ပြည်သူ့ဆေးရုံ ၂ ထပ်တိုးချဲ့လူနာဆောင်အသစ် တည်ဆောက်မှု ၉၅ ရာနှုန်းပြီးစီး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

မိုးနဲမြို့ ပြည်သူ့ဆေးရုံ ၂ ထပ်တိုးချဲ့လူနာဆောင်အသစ် တည်ဆောက်မှု ၉၅ ရာနှုန်းပြီးစီး

.

လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ဆေးရုံ ၂ ထပ် တိုးချဲ့လူနာဆောင်သစ် တည်ဆောက်မှု ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

.

.

အဆိုပါနှစ်ထပ်တိုးချဲ့လူနာဆောင်သစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁၉၃ ဒသမ ၆၀ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၂၈၁ ဒသမ ၄၃ သန်း ၊စုစုပေါင်း ခွင့်ပြရန်ပုံငွေကျပ် ၄၇၅ ဒသမ ၀၃ သန်းဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆောက်အဦမှာ အလျား ၁၄၃ ပေ ၊အနံ ၉၈ ပေ ၊အာစီ အမျိုးအစား နှစ်ထပ်အဆောက်အ‌ဦ ဖြစ်ပြီး ချယ်ရီဘုရင်မ တည်ဆောက်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဆေးရုံတည်ဆောက်မှုအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကော်မတီမှ စဉ်ဆက်မပြတ် ကြည့်ရှုစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိပြီး တိုးချဲ့လူနာဆောင် ရာနှုန်းပြည့်တည်ဆောက်ပြီးစီးသွားပါက ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုအဆင်ပြေစွာဆောင်ရွက်ပေးနိုင်‌ မည်ဖြစ်ကြောင်း သိရသည်။                                                                                                       

.

မျိုးညွန့်ရွှေ (မိုးနဲ)

.

Journal Download

Photo of three cats