.
တာချီလိတ်မြို့နယ်အတွင်းရှိ ဈေးများအားလုံး ဆက်လက်ပိတ်ထားရန်
မြို့နယ်စည်ပင်သာယာရေးဌာနက ဇူလိုင်လ ၁၉ ရက်တွင် အသိပေးကြေညာထားသည်ဟု သိရသည်။
.
တာချီလိတ်မြို့တွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု
မြင့်တက်လာသည့်အတွက် မြို့နယ်အတွင်းရှိ စည်ပင် သာယာပိုင်ဈေးများနှင့် ပုဂ္ဂလိကဈေးများအားလုံးကို
ဇူလိုင်လ ၇ ရက်မှ ၂၀ ရက်အထိ ယာယီပိတ်ထားရန် ညွှန်ကြား ထားခဲ့ပြီးဖြစ်သော်လည်း ကျန်းမာရေးနှင့်
အားကစားဝန်ကြီးဌာနက တာချီလိတ်မြို့နယ်အား ဇူလိုင်လ ၁၃ ရက်တွင် Stay at Home
မြို့နယ်အဖြစ် သတ်မှတ်ကြေညာထားသဖြင့် ယင်းကာလအတွက် ဆက်လက်ပိတ်ထားရန်
ထပ်မံ ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်းကဲ့သို့ ဈေးများအားလုံးကို ယာယီပိတ်ထားရန် ညွှန်ကြားထားသော်လည်း
နေ့စဉ် စားသုံးကုန်များဖြစ်သည့် ဟင်းသီး၊ ဟင်းရွက်၊ သား/ငါး၊ ပျံကျဈေးသည်များကိုမူ
နေ့စဉ် နံနက် ၁၁ နာရီအချိန်ထိ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ရောင်းချ ခွင့်ပြုသွားမည်ဖြစ်ကြောင်း
သိရသည်။
.
တာချီလိတ်မြို့နယ်တွင် ယမန်နေ့ ဇူလိုင်လ ၁၉ ရက်၊ ညပိုင်းအထိ
ဆေးကုသမှုခံယူဆဲ COVID-19 ပိုးတွေ့လူနာ ၅၀၀ ဦးခန့် ရှိနေပြီး သေဆုံးသူ ၂ ဦး ရှိခဲ့ကာ
ယင်းပိုးတွေ့လူနာများကို ခရိုင်ပြည်သူ့ဆေးရုံကြီး၊ ခရိုင်ပြည်သူ့ဆေးရုံဟောင်း၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ၊
မိုးလုံလေလုံအားကစားရုံနှင့် ဝမ်လုံး Quarantine Center တို့တွင်
ထားရှိကုသပေးလျက် ရှိကြောင်း သိရသည်။
.