.
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊
ကျိုက်ထို-မော်လမြိုင်သွား ကားလမ်း၊ မရမ်းချောင်းကျေးရွာအနီးတွင် ဇူလိုင်လ ၂၁ ရက်၊
နံနက်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှ သယ်ဆောင်လာသည့် ငွေကျပ်
၅၂ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ် မူးယစ်ဆေးများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည်သတင်းအရ ဇူလိုင်လ၂၁ ရက် နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်၊
ရန်ကုန်-မော်လမြိုင်သွားကားလမ်း၊ မရမ်းချောင်ကျေးရွာ၊ မိုင်တိုင်အမှတ် (၉၇) အနီး တွင်
စစ်တောင်းတံတားဘက်မှ ကျိုက်ထိုဘက်သို့ ယာဉ်မောင်း မောင်မောင်လေး မောင်းနှင် ပြီး
အေးချမ်း လိုက်ပါ လာသည့် NISSAN UD ၁၂ ဘီး ဆီဘောက်ဆာယာဉ်ကို ရပ်တန့်ရှာဖွေ စစ်ဆေးရာ ယာဉ်၏ဆီသိုလှောင်ကန်အတွင်း ဒေသကာလတန်ဖိုး
ငွေကျပ် ၅၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၀၀၀ ကီလိုနှင့်
ကတ်တမင်း ၅၀၀ ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
.
ဆက်လက်ပြီး ကွင်းဆက်အရ
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်ရှိ နေအိမ်တစ်ခုအတွင်း
နိုင်ဝင်း အားလည်းကောင်း၊ လားရှိုးမြို့၊ အမှတ်(၄)ရပ်ကွက်နေ ဝင်းနိုင် အားလည်းကောင်း
ထပ်မံဖမ်းဆီးရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ
သိမ်းဆည်းရမိသောမူးယစ်ဆေးဝါးများကိုရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှ
ကရင်ပြည်နယ်၊ မြဝတီမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရသည်။
.
အဆိုပါ မူးယစ်ဆေးဝါးများ
ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ
အရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ် လျက်ရှိကြောင်း
သိရသည်။
.