ဟိုပုံးမြို့မဈေးအား ၁၀ ရက် ပိတ်မည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

ဟိုပုံးမြို့မဈေးအား ၁၀ ရက် ပိတ်မည်

.

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ရှိ မြို့မဈေးအား ဇူလိုင်လ ၂၂ ရက်မှ ၃၁ ရက်အထိ ၁၀ ရက်ကြာ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း ဟိုပုံးမြို့နယ်စည်ပင်သာယာရေးဌာနက ယနေ့ ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာ ထားသည်။

.


.

ဟိုပုံးမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ် COVID-19 စောင့်ကြည့်ထိန်းချုပ်ရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ယင်းကဲ့သို့ ဈေးအား ယာယီ ပိတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

.

ဟိုပုံးမြိုနယ်တွင် ယနေ့ ဇူလိုင်လ ၂၁ ရက်ထိ COVID-19 ပိုးတွေ့သူ ၈၄ ဦးထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats