.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ
တိုင်းရင်းသားပေါင်းစုံသုဿာန် မီးသင်္ဂြိုဟ်စက်တွင် လုပ်ငန်းများ လည်ပတ် ဆောင်ရွက်နိုင်ရေးအတွက်
တောင်ကြီးလင်းယုန်နှင့် စေတနာ့ဝန်ထမ်းအဖွဲ့များမှ ကူညီအားဖြည့် ဆောင်ရွက်ပေးလျက် ရှိကြောင်း
သိရသည်။
.
“သုဿာန်မှာက ဝန်ထမ်း
၅ ယောက်ပဲရှိတယ်။ အဲဒီဝန်ထမ်းတွေက ကျန်းမာရေးကြောင့်သော်လည်းကောင်း တစ်ခုခု ကြောင့်
အားနည်းသွားမှာစိုးလို့ ကြိုတင်ပြီး ဖြည့်ဆည်းပေးတဲ့သဘောပါ” ဟု တောင်ကြီးလင်းယုန် စေတနာ့
ဝန်ထမ်း အဖွဲ့မှ ကိုဝင်းနိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထိုသို့ ကူညီဆောင်ရွက်ရာတွင်
တောင်ကြီးလင်းယုန် စေတနာ့ဝန်ထမ်းအဖွဲ့ အပြင် အခြားသော စေတနာ့ဝန်ထမ်း အဖွဲ့ များမှလည်း
ဝိုင်းဝန်းအားဖြည့် ကူညီပေးလျက်ရှိပြီး ၂ ရက်ခြားစီ ၄ ဦးနှုန်းဖြင့် ကူညီဆောင်ရွက်သွားမည်
ဖြစ်ကာ ထပ်မံပူးပေါင်းလာမည့်အဖွဲ့များလည်း ရှိနေသည့်အတွက် နေ့စဉ် ၄ ဦးစီ ကူနိုင်ရန်
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
တောင်ကြီးတိုင်းရင်းသားပေါင်းစုံ
သုဿာန်ရှိ မီးသင်္ဂြိုဟ်စက်တွင် ဝန်ထမ်း ၅ ဦး ရှိပြီး ပျှမ်းမျှအားဖြင့် နေ့စဉ် Dead
Body ၅ လောင်းခန့်
မီးသင်္ဂြိုဟ်ပေးခဲ့ရကာ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်မှ စတင်၍ နေ့စဉ် Dead
Body ၂၀ ကျော် ခန့်ကို
မီးသင်္ဂြိုဟ်ပေးနေရကြောင်း သိရသည်။
.