တောင်ကြီး စီးပွားရေးဘဏ်က ပင်စင်လစာများကို ကျောက်တိုင်ကွင်းတွင် ပြောင်းရွှေ့ထုတ်ပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး စီးပွားရေးဘဏ်က ပင်စင်လစာများကို ကျောက်တိုင်ကွင်းတွင် ပြောင်းရွှေ့ထုတ်ပေးမည်



.
တောင်ကြီးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပင်စင် လစာများကို ဇူလိုင်လ ၂၆ ရက်မှ ဇူလိုင်လ ၂၉ ရက်အထိ ကျောက်တိုင်ကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ပြောင်းရွှေ့ ထုတ်‌ပေးမည် ဖြစ်ကြောင်း သိရသည်။
.
" နံနက် ၆ နာရီခွဲမှ နေ့လယ် ၁ နာရီအထိ လာရောက် ထုတ်ယူနိုင်ပါတယ်။ ပင်စင် လာထုတ်မယ့် သူများအနေနဲ့ Mask၊ Faceshield ၊ လက်အိတ် ဝတ်ဆင်လာကြဖို့ မေတ္တာ ရပ်ခံပါတယ်။" ဘဏ်ဝန်ထမ်း တစ်ဦးက ပြောသည်။
.
ယခု လတ်တလော ဖြစ်ပွားနေသော COVID-19 ရောဂါ ကူးစက်မှု အန္တရာယ်မှ ကာကွယ်နိင်ရန် အတွက် ယင်းကဲ့သို့ စီစဉ် ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။
.
#KBZTai  #Shan #Taunggyi
.

Journal Download

Photo of three cats