တောင်ကြီးတွင် မဖြစ်မနေ အပြင်သွားလာမည့် သူများအတွက် ယာယီအပြင်ထွက်ခွင့်ကတ်ပြား ထုတ်ပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးတွင် မဖြစ်မနေ အပြင်သွားလာမည့် သူများအတွက် ယာယီအပြင်ထွက်ခွင့်ကတ်ပြား ထုတ်ပေး

.

Stay at Home သတ်မှတ်ထားသည့် တောင်ကြီးမြို့နယ်အတွင်း မဖြစ်မနေ နေအိမ်အပြင်သို့ သွားလာမည့်သူများ အတွက် ယာယီအပြင်ထွက်သွားလာခွင့် ကတ်ပြားများကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများက ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

.

.

တောင်ကြီးမြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာနေသည့်အတွက် ဇူလိုင်လ ၂၆ ရက်မှ စတင်ပြီး Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌဌာနက ဇူလိုင်လ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာထားခဲ့ခြင်းဖြစ်သည်။

.

“ရပ်ကွက်ရုံးမှာ လာထုတ်ရင် လူစုလူဝေးဖြစ်မှာစိုးလို့ သက်ဆိုင်ရာ ရာအိမ်မှူးတွေ၊ နယ်မြေမှူးတွေကတစ်ဆင့် ထုတ်ပေးနေတာဖြစ်ပါတယ်။ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် ယာယီသွားလာခွင့်ကတ်နဲ့အတူ ထွက်ရမှာ ဖြစ်ပါတယ်။ ကပ်ရောဂါဆိုးကနေ လွတ်မြောက်နိုင်ဖို့ အပြင်မထွက်ဘဲ Stay at Home နေပြီး မိမိကိုယ်ကို ကာကွယ် ခြင်းဖြင့် ပါဝင်ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတစ်ခုမှ နယ်မြေမှူးက ပြောသည်။

.

ပြည်သူများအနေဖြင့် နေအိမ်အပြင်သို့ထွက်ပါက အဆိုပါ ယာယီသွားလာခွင့်ကတ်ယူဆောင်လာရမည်ဖြစ်ပြီး အပြင်ထွက်သည့် အကြောင်းပြချက်ခိုင်လုံရမည်ဖြစ်ကာ ယင်းကတ်အား အခြားသူများသို့ လွှဲပြောင်းပေးခြင်းမပြုရဘဲ သတ်မှတ်လုပ်ငန်းချိန်အတွင်း သတ်မှတ်လမ်းကြောင်းအတိုင်းသာ သွားလာရမည်ဖြစ်ကြောင်းနှင့် ချိုးဖောက်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

.

တောင်ကြီးမြို့နယ်တွင် ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၂၆ ရက်၊ ညပိုင်းအထိ COVID-19 ရောဂါ ပိုးတွေ့လူနာ ၁၄၂၉ ဦး ရှိခဲ့ပြီး ယင်းတို့အနက် ၇၀ ဦး သေဆုံး၍ ၄၆၇ ဦး ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကာ ကုသဆဲ ပိုးတွေ့လူနာ ၉၀၇ ဦး ရှိကြောင်း သိရသည်။

.

Journal Download

Photo of three cats