.
လာအိုနိုင်ငံ၌ ရောက်ရှိအလုပ်လုပ်ကိုင်နေပြီး
နေရပ်ပြန်လိုသည့် မြန်မာလုပ်သန်းများကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ
နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဇူလိုင်လ ၃၀ ရက်နှင့် ဩဂုတ်လ ၁ ရက်တို့တွင် ၂ သုတ်ခွဲ၍ ပြန်လည်
ခေါ်ယူသွားမည်ဖြစ်ကြောင်း နယ်ခြားကော်မတီထံက သိရသည်။
.
.လာအိုနိုင်ငံမှ
နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသား ၂၅၀ ဦးအား ပြန်လာနိုင်ရေးအတွက်
ဝစီပိတ်ဆရာတော်၏ ဦးဆောင်မှုဖြင့် တာချီလိတ်ခရိုင် တာဝန်ရှိသူများက
လာအိုနိုင်ငံမှ တာဝန်ရှိသူများနှင့် ယနေ့ ဇူလိုင်လ ၂၉ ရက်၊ နံနက်ပိုင်းတွင်
ဝမ်ပုံဆိပ်ကမ်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
.
"လက်ရှိရထားတဲ့
စာရင်းအရ ဇူလိုင် ၃၀ ရက်မှာ ပထမတသုတ် လူ ၁၀၀) ခေါ်မယ်။ ဒုတိယအသုတ်အနေနဲ့ ၂ ရက်အကြာ
သြဂုတ်လ ၁ ရက်မှာ ၁၅၀ ဦးကို ပြန်လည်ခေါ်ဆောင်နိုင်ရန် စီစဥ်ထားတယ်"ဟု
နယ်ခြားကော်မတီမှ ဆက်ဆံရေးအရာရှိ ဦးဘိုလေးက ယင်းဆွေးနွေးပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။
.
လာအိုနိုင်ငံမှ
နေရပ်ပြန်များကို အခက်အခဲများတွေ့ကြုံနေရသဖြင့် ပြန်လာနိုင်ရန်အတွက်
တာချီလိတ်ခရိုင်မှ ဌာနဆိုင်ရာတာဝန်ရှိသူများက လာအိုနိုင်ငံမှတာဝန်ရှိသူများနှင့်
ချိတ်ဆက်ကာ ညှိုနှိုင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
.
မြန်မာနိုင်ငံသို့
ပြန်လည်လာရောက်မည့်သူများကို လာအိုနိုင်ငံမှမပြန်မီ ဇူလိုင် ၂၉ ရက်၊ ညပိုင်း၌ COVID-19 ရောဂါဆေးစစ်ခြင်းထပ်မံပြုလုပ်ပေးမည်
ဖြစ်ကြောင်း သိရသည်။
.
အဆိုပါမြန်မာရွေ့ပြောင်းအလုပ်သမားများကို
လက်ခံဆောင်ရွက်ရာတွင် COVID-19 ရောဂါပိုးရှိ/မရှိ စစ်ဆေး ဆောင်ရွက်၍ ရောဂါပိုးရှိသူများကို
လက်ခံထားရှိ ဆေးကုသဆောင်ရွက်နိုင်ရန်အတွက် ဝမ်လုံး Positive Center ထားရှိမည်ဖြစ်ကာ ရောဂါမရှိသူများအား
၎င်းတို့နေထိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ တိုက်ရိုက်စေလွှတ်သွားမည်ဖြစ်ကြောင်း
သိရသည်။
.