တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် အသက် ၇၀ အရွယ်ခန့် အမျိုးသားတစ်ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်တွင် အသက် ၇၀ အရွယ်ခန့် အမျိုးသားတစ်ဦး သေဆုံး

.

တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ နယ်မြေ (၈) တွင် ယနေ့ ဇူလိုင်လ ၃၁ ရက်၊ နံနက်ပိုင်းက လင်မယား ၂ ဦးတည်း နေထိုင်သည့်နေအိမ်မှ အသက် ၇၀ အရွယ်ခန့် အမျိုးသားတစ်ဦး သေဆုံးနေသည်ကို ယနေ့ ဇူလိုင်လ ၃၁ ရက်၊ နံနက်ပိုင်းက တွေ့ရှိခဲ့ရကြောင်း သိရသည်။

.

.

“အမျိုးသား သေဆုံးတာပါ။ အမျိုးသမီးကိုတော့ အခု ကြက်ခြေနီကားနဲ့ ဆေးရုံပို့လိုက်ပါပြီ။ COVID-19 သံသယပါပဲ။ အိမ်မှာ ၂ ဦးတည်း နေတာပါ။ သူ့ဆွေမျိုးတွေက ဆက်သွယ်လို့မရဘူးဆိုပြီး ဖုန်းဆက်လာလို့ ရပ်ကွက်ကနေ ဝိုင်းဖွင့်ပြီး ကြည့်လိုက်တဲ့အခါမှာ အဖိုးက ဆုံးသွားပြီ။ အဖွားကတော့ တော်တော်လေး အားနည်းနေတာပါ။ အသက် ၇၀ ကျော်လောက်ပါ” ဟု ကျောင်းကြီးစုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လက်ရှိတွင် အဆိုပါ နေအိမ်နှင့် အနီးပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖြန်းပြီး လမ်းအား ပိတ်ထားကြောင်း သိရသည်။

.

တောင်ကြီးမြို့နယ်တွင် COVID-19 တတိယလှိုင်းကာလ ဇွန်လ ၁ ရက်မှ ယမန်နေ့ ဇူလိုင်လ ၃၀ ရက်အထိ COVID-19 ပိုးတွေ့လူနာ စုစုပေါင်း ၁၇၄၇ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် သေဆုံးသူ ၉၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

.

Journal Download

Photo of three cats