.
တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊
ဝါးပြားလမ်းဆုံအနီးရှိ အမှိုက်ကျင်းအတွင်း ယမန်နေ့ ဇူလိုင်လ ၂၆ ရက်၊ ညနေပိုင်းက လက်လုပ်မိုင်းပေါက်ကွဲပြီး
သန့်ရှင်းရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
“ကွဲတာကတော့ ညနေ ၃
နာရီကျော်လောက်ကပါ။ အမှိုက်ကျင်းထဲမှာ သန့်ရှင်းရေးဝန်ထမ်း ၂ ဦး ရှိနေတဲ့အချိန် ကွဲတာပါ။
အမျိုးသမီးတစ်ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
.
ဝါးပြားလမ်းဆုံအနီးရှိ
အမှိုက်ကျင်းအတွင်း မွှေးတောင်ကြီးကုမ္ပဏီမှ သန့်ရှင်းရေးဝန်ထမ်း ၂ ဦး အမှိုက် လာရောက်
သိမ်းဆည်းစဉ် မိုင်းဟုယူဆရသော အနက်ရောင်အထုပ်တစ်ထုပ် တွေ့ရှိသဖြင့် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက
လူနှင့် ဝေးရာဘက်သို့ လွှင့်ပစ်ရာ မိုင်းမှာ ပေါက်ကွဲပြီး အခြား ဝန်ထမ်းတစ်ဦး၏ ပေါင်၌
မိုင်းစထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍
တောင်ကြီးမြို့နယ်စည်ပင်သာယာရေး ဌာန အမှုဆောင်အရာရှိ ဦးနေလင်းက “မိုင်းကွဲတာ ဟုတ်ပါတယ်။
ဒဏ်ရာရတာ မွှေးကုမ္ပဏီက ဝန်ထမ်းတွေပါ” ဟု အတည်ပြု ပြောဆိုခဲ့သည်။
.
Photo – CJ
.