လားရှိုးမြို့နယ်အတွင်းရှိ ဈေး ၃ ခုအား အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

လားရှိုးမြို့နယ်အတွင်းရှိ ဈေး ၃ ခုအား အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်

.

လားရှိုးမြိုန့ယ်အတွင်းရှိ မြို့မဈေးကြီးအပါအဝင် ဈေး ၃ ခုအား ဩဂုတ်လ ၁ ရက်မှ စတင်၍ အကန့်အသတ်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

.

.

လားရှိုးမြို့မဈေးကြီး၊ ရပ်ကွက် (၅) ရှိ အောင်မင်္ဂလာဈေးနှင့် ရပ်ကွက် (၁၂) ရှိ လားရှိုးကြီးဈေးတို့အား ဩဂုတ်လ ၁ ရက်မှ စတင်ကာ နေ့စဉ် နံနက်ပိုင်းမှ နေ့လယ် ၁၂ နာရီအထိ ဆန်ဆိုင်၊ ဆီဆိုင်၊ သား/ငါးအရောင်းဆိုင်၊ ‌ဆေးပစ္စည်း ဆိုင်များကိုသာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ပြီး ကျန်ဈေးဆိုင်များအားလုံး ယာယီပိတ်သိမ်းထားမည်ဖြစ်ကြောင်း သိရသည်။

.

လားရှိုးမြို့တွင် COVID-19 ရောဂါပိုးတွေ့လူနာ များပြားလာသဖြင့် အဆိုပါ ဈေးကြီး ၃ ခုအား ဇွန်လ ၂၃ ရက်က စတင်၍ ယာယီပိတ်သိမ်းထားခဲ့ခြင်းဖြစ်ပြီး ယင်းလ ၂၇ ရက်တွင် လားရှိုးမြို့အား Stay at Home သတ်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

.

Journal Download

Photo of three cats